Featured Video

Tuesday, December 28, 2010

၁၃၁နှစ်မြောက်ရခိုင်အာဇာနီအာရှနီဝန်းမြန်မာ့လွတ်လပ်ရေးမီးရူးတန်ဆောင်အသျှင်ဦးဥတ္တမ မွီးနိန့်(ဒီဇင်ဘာ၂၈ )

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့သည်
ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။ အသက် ၂၀နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်း(၉)မျိုးကိုကောင်းစွာတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။
ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။
ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။
ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။
ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတေယ်ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်
ဆရာတော်ကိုမြန်မာတပြည်လုံးကလေးစားခြဲ့ကသည်။ဆရာတော်ဦးဥတ္တမအခန်းအနားများအ
အမြဲပြုလုပ်ခဲကြသည်။စစ်အာနာရှင်များလက်ထက်တွင်
ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုးများဖြစ်လာမည်ကို စစ်အာဏာပိုင် များမှစိုးရိမ်လာသည့်အတွက် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင်ရေးသားခွင့်များပိတ်ပင်ပြီးကျောင်းသုံးစာအုပ်မှလည်းဆရာတော်သမိုင်ကိုဖျောက်ဖျက်ခဲ့သည် ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့်ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှု များအခန့်အနားလုပ်ခြင်းများကို တားမြစ်အရေးယူခြင်းများ ရှိသည်။စစ်အစိုးရသည်ဆရာတော်ဗမာပြည်လွတ်မြောက်ရေးအ
တွက်ပထမမျက်စီဖွင့်ပေးခဲ့သည်ဆိုသောသမိုင်းအစဉ်အလာကိုဖျောက်ချင်ဇောဖြင့် စစ်အစိုးရ
လက်ထက်တွင် ဂရက်တောက်မင်းထွက်သွား စကားကိုစစ်သမိုင;်ပြတိုက်တွင်ပြသထားရာတွင်ဆရာတော်နေရာတွင်ဆရာတော်တပည့်ဦးဝီ
ဇာရရုပ်ထုဖြင့်ယခုအထိစစ်သမိုင်ပြတိုက်တွင်ပြသထားသည်။။
“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။
  ( ဆရာတော်ဦးဥတ္တမ)


အမျိုးသားရေးနိုင်နိုင်

No comments:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More