ကိုယ်ပိုင်အခွင့်အရေးများကို သိရှိထားရန် လိုအပ်သော်လည်း ယခုအချိန်အထိ မသိရသေးကြောင်း နိုင်ငံရေးပါတီများကလည်း ပြည်သူသို့ ရှင်းလင် ခြင်း မရှိ ကြသေးကြောင်းသိရှိရ သည်။
ထိုသို့ မဲထည့်ခြင်းနှင့် ပတ်သက်၍ ဆန္ဒမဲထည့်ခွင့်ရသူ အချို့ကို မေးမြန်းကြည့်ရာတွင်
“အသေးစိပ်ကိုတော့ မသိ ဘူး။ကျမတို့က အစိုးရ ၀န်ထမ်းတွေဆိုတော့ ကြံ့ဖွံ့ကိုဘဲ မဲပေးရ လိမ့်မယ် ထင်တယ်။ တခြားဘာမှ မသိရသေးဘူး။ မဲထည့်ပုံထည့်နည်းကို ပြည်သူတွေ ဘာမှ မသိရသေးတာ အမှန်ဘဲ“ ဟုပြောပြ ခဲ့ သည်။
စင်စစ်အားဖြင့်မဲတစ်မဲသည် ပယ်မဲ့မဖြစ်စေရန်အတွက်အချက်အလက်များစွာကိုသိရှိထားရ မည်ဖြစ်သည်။ ဥပမာအားဖြင့် မဲစာရွက်တွင်ပါဝင်မည့် သင်္ကေတအမှတ်ခြစ်ရာတွင် ခြစ်ရမည့်အနေအထား မဲပုံးကိုစစ်ဆေးခြင်း များကို သိထားရန် လိုအပ် လှသည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသူတစ်ဦးကလည်း “မဲပေးနိုင်သူတစ်ဦးဟာ သတိ ထားစရာတွေ အများကြီးရှိတယ် ။ မဲစာရွက်မှာ ရုံးတံဆိပ်နဲ့လက်မှတ် ပါမပါ ကြည့် ရမယ် ။ ပြီးတော့အမှန်ခြစ်တဲ့နောက်မှာ အောက် ကိုဆွဲချထားခဲ့ မိသလိုမျိုးမလုပ်မိစေဖို့ သတိပြုရမယ်။ အခုတော ပြည်သူတွေမသိတာ ခက်တယ်။ ဒီအတိုင်းသွားရင် ဘယ်လိုနည်းမှ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူး။ နယ်မှာဆိုရင် စာလုံးဝမရေးတတ် မဖတ်တတ်သူတွေ အများကြီးရှိတယ်။ င်္ဒီတော့မဲ ရုံမှူး ကိုသူတို့ကမေးကြည့်ပြီး ခြစ်ခိုင်းရတယ်။ ဒီလိုခြစခိုင်းတဲ့အခါ ဘယ်သူ့ကို ထည့်မလဲ မေးပြီး သူ့တို့ ခြစ်ချင် သူကို ခြစ်ပေးလိုက်တယ်။ မဲထည့် သူတွေ ပြောတဲ့ လူနာမည် တွေ ကို မခြစ်ဘူး၊ ဒါက အရင် မဲပေး သူတွေကို လုပ်တဲ့ လုပ်ရပ်တွေလေ၊။အခုလဲစာ မဖတ်တတ်သူကို ဒီလိုခြစ်ပေးမှာ အသေချာဘဲ။ အခုထိတော့ ကြံ့ဖွံ့ အပြင် တခြားပါတီတွေမှာ ဒီ လိုရှင်းလင်း ပြသတာ တွေ မရှိသေးဘူး ။ ဘာကြောင်း ပါတီတွေက လဲ လက်တွေ့လုပ်ပြတဲ့ပုံစံ တွေ မလုပ်ပြ တာလဲ မသိဘူး။ “ ဟုပြောဆိုခဲ့ သည်။
ထိုအပြင်ပြည်သူများသည် မည်သူ့ကိုမဲပေးရမည်ကို တွေဝေနေဆဲဖြစ်နေကြ ရာ ဌာနဆိုင်ရာ ၀န် ထမ်းများ အနေဖြင့် မိမိတို့ပေးလိုသော သူကို မဲပေးပိုင်ခွင့်မရှိဘဲ ကြံ့ဖွံ့ကိုသာ မဲပေးရ မည်ဟုအမိန့်ပေးလာနိုင်မှုကိုစိုးရိမ်နေကြကြောင်း။ကြံ့ဖွံ့ပါတီသည်အစိုးရကျောထောက်နောက်ခံပြုထားသည့်ပါတီဖြစ်သဖြင့်၎င်းပါတီကိုမဲပေးရမှာတွေးကြောက်နေကြကြောင်းလည်းဌာနဆိုင်ရာ ၀န်ထမ်း များက ဆိုသည်။
ထို့ အပြင် ကြံ့ဖံွ့မှ ၀င်ရောက်ယှဉ်ပြိုင် မည့်အမတ်လောင်းများသည် သူတို့်ကိုမဲပေးမှ သာလျင် အခွင့်အရေးများရရှိလာမည်ဖြစ်ကြောင်း ကြံ့ဖွံ့သည်အမှန်စင်စစ်အနိုင်ရပါတီ တခုဖြစ်ကြောင်း ပြောဆိုစည်းရုံး မှုမျိုးကိုလည်းရှိနေသည်။
မကြာမိသေးက ရခိုင်ပြည်မှာ ၀င်ရောက် အရွေးခံမည့်အမတ်လောင်းများနှင့် ပတ်သက်၍ ပြည်သူလူထုကကန့်ကွက်လွှာတစ်စောင်ကိုပြည်နယ်ရွေးကောက်ပွဲကောာ်မရှင်အဖွဲ့သို့တင်သွင်းခဲ့ကြောင်းသိရသည်။အဆိုပါကန့်ကွက်လွှာတွင်နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရရှိသေး သော အမတ်(၈) ဦးအား ကန့်ကွက် ခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မိဘနှစ်ပါးသည် နိုင်ငံသား စီစစ်ရေး ကဒ်ပြား ကိုင်ဆောင်ထယးသူ ဖြစ်ရ မည် ဟုဖော်ပြထားချက်အရ ကန့်ကွက်ခြင်းဖြစ်ကြောင်း လည်းသိရ သည်။ သို့သော်လည်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ရခိုင်ပြည်နယ်)က မည်သို့မှ အရေး တုန့်ပြန်မှု မရှိခဲ့ကြောင်း။ ထိုအချက်ကို ရခိုင်ပြည် သူပြည်သားများ ကမကျေ နပ် ဖြစ်နေကြကြောင်း သိရသည်။ အမှန်မှာ မိဘများတွင် နိုင်ငံသားစီစစ်ရေး ကဒ်ပြား မရှိဘဲ သား သမီး များတွင် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆောင် ခွင့်ရထား ခြင်းမှာ တရားသော နည်းလမ်း တခု မဟုတ်ကြောင်း ရခိုင်ပြည်အတွင်း နိုင်ငံသား စိစစ်ရေးကဒ် ပြား မရှိ သူများကို အမတ်လောင်း အဖြစ် လက်ခံခြင်း နှင့် မဲထည့် ခွင့်ပြူထားခြင်း အပေါ် ပြည်သူများ လုံးဝကျေနပ်မှု မရှိကြောင်းသိရ သည်။
သို့စေကာမူ ရခိုင်ပြည်နယ်အတွင်း မဲပေးပုံမဲပေးနည်းနှင့် ပတ်သက်သော အချက်အလက် များကို သင်ကြားပို့ချမှုများ လည်း ရှိနေသည့်တိုင် အမျိုးသမီးများ အနေဖြင့်ပို၍ အသိနည်းနေသေးကြောင်း။ယင်းကိစ္စကိုလျင်မြန်စွာအကောင်အထည်ဖော်နိုင်မှသာလျင်မဲပေးကာလတွင်ပယ်မဲနည်းပါးနိုင်မည်ဖြစ်ကြောင့် မဲထည့်သော်လည်းပယ်မဲဖြစ်မသွားရေးသည် အမတ် လောင်း များအတွက် လွန်စွာ အရေးကြီး ကြောင်းလည်း ဒေသခံများနှင့် ပါတီဝင်များက သုံးသပ်ပြောဆိုနေကြ ကြောင်း တင်ပြ လိုက် ပါသည်။

No comments:
Post a Comment