Featured Video

Wednesday, October 27, 2010

ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ရှေ့ပြေးလက္ခဏာများနှင့် ပြည်သူတို့၏ အမြင်ကို သုံးသပ်ခြင်း


ယနေ့ကာလတွင် ပြည်သူတွေကြားထဲမှာ ရေပန်းအစားဆုံးစကားက ရွေးကောက်ပွဲပင် ဖြစ်သည် ဈေးဝယ် ဈေးရောင်း၊ ထင်းခွေ ရေခပ် ၊ ကားဂိတ် လ္ဘက်ရည်ဆိုင်၊ နေရာအနှံ့အပြားမှာ ကြားနေကြရသော်လည်း မှန်းချက်နှင့် နှမ်းထွက် ကိုက်ပါ့မလားဆိုသည့် အတွေးက လူတိုင်းရင်ထဲ တွင် ကိန်းအောင်းနေခဲ့ကြချေပြီဖြစ်သည် ။ မပြေးသော်လည်း ကံသာရှိ လိုသလို ဘယ်လက်ညှိုးဖြင့် ထိုးထိုး ညာလက်ညှိုးဖြင့်ထိုးထိုး လူသတ်ကောင်လူသတ်ကောင် မင်းဆိုး မင်းညစ် လက်ထဲက ရုံးထွက်နိုင်ဖို့အရေး ရင်ထဲက အတွေးကိုယ်စီကို ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာ မကြာမီကာလမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ် ။ ဒီအထဲ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာကြတဲ့ ပြည်သူ့ကိုယ်စားပြုပါတီတွေ ပေါ်ပေါက်လာခဲ့သလို အစိုးရကိုယ်စားပြု ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီကလဲ နည်းမျိုးစုံနဲ့ လှုပ်ရှားလာပါတယ် ဒီကြားထဲ အသားထဲကလောက်ထွက်တဲ့ အိမ်ရာမဲ့ (နိုင်ငံသားကတ်ပြား ကိုင်ဆောင်ခွင့်မရတဲ့ ) လူမျိုးတွေကလည်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ တေးခဲ့လာတာဟာ အံ့သြစရာတစ်ခုပါပဲ၊ တကယ်ဆို ဧည့်သည်ဟာ ဧည့်သည်လို နေထိုင်တတ်ကြရတာပဲမဟုတ်လား။ အခုတော့ ဖအေထက် ပထွေးကို အားကိုချင်ကြသူတွေရဲ့ အန္တရာယ်ကလည်း ရခိုင်ပြည်သူတွေအတွက် စိုးရိမ်စရာကိစ္စ။ အဲဒါကိုတောင်မှ ကန့်ကွက်သူမရှိလောက်အောင် ရေငူ နှုတ်ပိတ် နေခဲ့ကြသည်မှာ နိုင်ငံရေး နိုးကြားမှုလို့ဆိုရမလား။ ။ ဒီကန့်ကွက်စာကတော့ ဘယ်အထိခရီးရောက်ခဲ့ရသလဲဆို တာ မသိရသေးပါဘူး၊ ရင်နင့်စရာအဖြစ် တွေးကြည့်ရင်တော့ အိမ်ရှင်နှင့် သူခိုးပဲသိကြမှာပေါ့ဗျာ။ တကယ်တော့ - ရခိုင်ဆိုတာ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေလာခဲ့တဲ့ လူမျိုးတွေပဲမဟုတ်လား၊ အခုတော့ခွေးကိုလည်း ကြောက်ရ၊ ကြောင်ကိုလဲ ကြောက်ရနဲ့ မျက်နှာက ဇီးရွက်လောက်ပဲ ရှိတော့ တယ်လေ အဲဒါတွေဟာ ဘာကြောင့်လဲ - ရခိုင်တွေ ညီညွတ်မှု အားမရှိလို့ပဲ။ အမျိုးသားသစ္စာဖောက် ကပ်ဖား နှပ်ဖား ခံတွေရဲ့လုပ်ရပ်ကြောင့်ပါပဲ ၊ အမဲရိုးစားပြီး ခြံစောင့်ရတဲ့ ခွေးတွေရဲ့ အကျင့်ဆိုးတွေ ကြောင့် အခုထိ ဒီလူသတ်သမားတွေ သက်ဆိုးရှည်နေတာဖြစ်ပါတယ်၊ အခုလည်ဲးကြည့်လေ ကြံ့ဖွံ့တဲ့ အစိုးရအလိုကျ ပြည်သူတွေကို ခေါင်းပုံဖြတ်ဖို့ အမြတ်ထုတ်ဖို့ကြိုးစားကြပြန်ပြီ၊ ရပ်ရွာတွေကိုဆင်း မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး မေးဆွယ်ဟောပြောနေတာ နေ့မအား ညမအား၊ “ ခင်များတို့ဘာကိုလိုချင်သလဲ - ရေတွင်းလား၊ ရေကန်လား၊ ကျောင်းလား၊ ကျွန်တော်တို့ အားလုံး လုပ်ပေးနိုင်တယ် ကြံ့ဖွံ့အပြင် အခြား ဘယ်ပါတီမှ ဒီလိုလုပ်ပေးနိုင်မှာ မဟုတ်ဘူး ကြံ့ဖွံ့ ကိုပဲ မေးပေးကြပါ………”စတဲ့- သခင်ကြောင့်ကြ ကျွန်ဝမ်းဝ စကားတွေနဲ့ သိမ်းသွင်းနေကြတာဟာ လည်း ရွေးကောက်ပွဲရဲ့ ရှေ့ပြေးနိမိတ်လို့ ဆိုချင်ပါတယ်။ ဒါ့အပြင် တခြားပါတီတွေကလည်း အလားတူ ကြိုးစားမှုတွေရှိလာတယ်၊ ရခိုင်တိုးတက်ရေးပါတီ ၊ တစညပါတီ၊ NLD ပါတိတွေဟာ အခုထိ ဘာကြောင့်တစ်ခုတည်းမရှိတာ ဘာကြောင့်လဲလို့ ပြည်သူတွေ ထည့်တွက်စဉ်းစားလာစရာ ဖြစ်လာခဲ့တယ်။ ဒါကြောင့် စစ်တွေမြို့က ပြည်သူတွေကတော့ “ရွေးကောက်ပွဲဟာ တကယ်ကော ဖြစ်လာ မလား” ဖြစ်လာခဲ့ဆိုဦးတော့ တရားမျှတပါ့မလား၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ မဲမထည့်ရင် ဘာဖြစ်မလဲ။ ထည့်ရင်ကော ဘယ်ပါတီကိုထည့်ရမလဲ၊ ပြည်သူ့ဘက်ကို ရပ်တည်တဲ့ ပါတီကလည်း သုံးလေးပါတီ။ အဲဒီပါတီတွေ တခုတည်းဆိုရင်တော့ - ရောဟေ့ ယူလိုက်ဆိုပြီး ပေးလိုက်တာနဲ့ နိုင်သွားမယ့်ဟာ ဘာကြောင့်ရာထူးတွေကို တပ်မက်နေကြရတာလဲ ဆိုတာကို မြင်လာခဲ့ကြတော့တယ်။ အခြားသောပြည်သူတစ်ဦးကလည်း ဒေါက်တာချမ်းသာကတော့ သူ့ကိုမဲပေးသွားရင် အခမဲ့ ဆေးကသုပေးသွားမယ် လို့ ပြောနေသလို ဒေါက်တာစမ်းရွှေကလည်း သူမဲနိုင်ရင် အခမဲ့ဆေးခန်းဖွင့်ပေးမယ်လို့ပြောနေပြီ လေ။ ဒါကိုခြုံလို့ကြည့်ရင် အရှည်ကိုလိုလို့ အတိုနဲ့ပေါက်တာပဲမဟုတ်လား။ ဒီလောက်ထိစေတနာရှိ ရင် ခုကတည်းက လူနာတွေကိုအခမဲ့ဆေးကုပေးကြည့်ပါလား၊ ဒီလိုမက်လုံးမျိုးတွေကို ပြည်သူတွေ ယုံဖို့ခက်ခဲတယ်ဆိုတာ သူတို့သိဖို့ကောင်းပါတယ်” လို့ ပြောကြသူတွေလည်း မနည်းတော့ပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ ဒီလထဲ ထွက်ပေါ်နေတဲ့ သတင်းကလည်း - တွေးတောစရာ စိတ်ဝင်စားစရာကောင်းလှပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ကြံ့ဖွံ့သတင်းတွေဟာ နယ်တွေမှာ သွားပြီး ကြိုတင်မဲပေးနိုင်တဲ့အကြောင်းကို သွားရောက်ပြောဆို မဲဆွယ်နေကြတယ်လို့လည်း သိရတယ်၊ ပြီးတော့ ကျေးလက်ဒေသတွေမှာရှိတဲ့ ရယက ဥက္ကဋ္ဌ အပါအ၀င် ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းတွေကိုလည်း မဲရရှိရေးအတွက် စည်းရုံးပေးရမယ်၊ ဒီလိုမလုပ်ပေးနိုင်ရင် ရာထူးက ဖြုတ်ပစ်မယ်လို့ ၊ ကြံ့ဖွံ့ပါတီဝင်တွေက ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်၊ ဒါတွေဟာ ရိုးသားမှု ကိုပြတဲ့ လက္ခဏာတွေလားလို့ မေးလိုက်ချင်ပါတယ်၊ တကယ်တော့ ကျေးလက်ဒေသဆိုတာက မြို့နဲ့ဝေးတာကြောင့် ရယက က တစ်မျိုး၊ ပုလိပ်ကတစ်ဖုံ၊ နစက ကတစ်ထွေ၊ အာဏာကို မီးကုန်ယမ်းကုန် အသုံးချပြီး ပြည်သူကို ခြောက်လှည့်ခံနေရတာဆိုတော့ - သူ့တို့ပြုသမျှ နုကြရတဲ့ ဘ၀ပါ၊။ မတော်ရင် မတော်သလို ရိုက်ဟေး၊ ဘုတ်ဟေး၊ ဖန်းဟေး ချုပ်ဟေး လုပ်နေကြ ဆိုတော့ ကြောက်ရပါကကောလား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်က ပြည်သူတစ်ဦး က “ကျေးလက်ဒေသတွေမှာက သူတို့ကိုပဲ ကြောက်နေကြရတာဆိုတော့ စစ်သားဆိုလည်း ကြံ့ဖွံ့ကို မဲပေးရမယ်လို့ ရွာမှာလာပြောရင် မထည့်ဘူးလို့ဘယ်သူမှမပြောရေးဘူးလေ၊။ ဒါကြောင့် ရယက တွေ ကလည်း ကိုယ့်ရွာမှာရှိတဲ့ ရွာသားအားလုံးကိုပြောပေးပါမယ်လို့ အာမခံပေးကြရပါတယ်၊ တချို့ ရယက ဥက္ကဋ္ဌတွေဆိုရင် ရဲတွေထံမှာ လက်မှတ်တောင်ထိုးပေးရတယ်လို့လည်း သိရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ တကယ်ဆို စစ်အစိုးရဟာ ကြံ့ဖွံ့ကို ဘယ်လောက်ထိထောက်ခံပေးသလဲဆိုတာ မဖုံးသာမဖိသာအထိ ဖြစ်နေတာကိုလည်း စစ်တွေမြို့သားတစ်ဦးက ခုလိုပြောပါတယ်။ စက်တင် ဘာလ အထဲမှာ စစ်တွေမြို့နယ်အတွက် ဖုန်းအလုံးရေတစ်ထောင်ချပေးပါတယ်၊“ဒီခေတ် နိုင်ငံရေးက နု ညံ့ သိမ်မွေ့ဖို့လိုတယ်၊ ပါးနပ်ဖို့ လိုတယ် ဒါကြောင့် ပြည်သူရဲ့ အကြိုက်ကိုသိဖို့လိုတယ်၊ အခုချိန်မှာ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်လို့ ပြောလို့မရတော့ဘူး၊ အဲဒါတွေကို ပြည်သူတွေမယုံကြည်တော့ဘူး၊ ရွေးကောက်ပွဲ ဆိုတာကြီးကိုက မယုံကြည်ကြတာလေ၊။ ပြီးတော့ အမတ်လောင်း အချို့ကလည်း အခုချိန်မှာ သိုးရေ ခြုံ ပြကြတာပါ၊ သူတို့ရဲ့နောက်ကွယ်မှာက လုပ်ရပ်တွေကို ပြည်သူတွေသိနေကြတော့ ဘယ်လိုလုပ် မဲပေးကြတော့မလဲ။ ငါးသိန်းတန် C D M A ဖုန်းပါ ။ ဒါပေမဲ့ တကယ်တမ်း ဖုန်းဝယ်ယူခွင့်ရသူတွေဟာ- စစ်တပ်၊ ရဲ ၊ ရယက၊ မယက ၊နဲ့ ကြံ့ဖွံ့ မိသားစုဝင်တွေပဲဖြစ်ပါတယ်။ အရပ်သားလက်ထဲကို ဖုန်း အလုံးရေတစ်ရာ လောက်ပဲရရှိပါတယ်၊ ဒါကြေင့် ဖုန်းလိုချင်သူတွေက တစ်လုံးကို ငါးသောင်းကျပ်ကနေ ခုနှစ်သောင်းကျပ်အထိ ပေးပြီးပြန်ဝယ်ကြရပါတယ်။ အများအားဖြင့်တော့ ကြံ့ဖွံ့အသင်းဝင်တွေပဲ ရကြတာများတယ် ဒါဟာ ပြည်သူ့ အပေါ်မှာ အမြတ်ကြီးစားတဲ့ လူတမ်းစားဟာ ဘယ်သူလဲဆိုတာ လက်ညှိုးထိုးပြစရာ တောင်မလိုတဲ့ ကိစ္စပါ၊ ဒါကြောင့် ကြံ့ဖွံ့ ကိုမဲမထည့်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ အကျယ်တ၀င့််ပြော ကြားခဲ့ပါတယ်။ ထို့အတူပဲ ကြံ့ဖွံ့ပါတီဝင်တွေဟာ အာဏာပိုင်အဖွဲ့အစည်းနဲ့ အလျဉ်းသင့်သလို နေရာတကာ မှာလည်း လုပ်ကိုင်ခွင့်ရရှိနေတာဟာ ဘာကြောင့်လဲ၊ ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွေ ဖွင့်လှစ် ပြသနေတဲ့နေရာမှာလည်း ဘယ်လိုလိမ်ညာရမယ် ဆိုတာကိုပြသနေခြင်း ဖြစ်တယ်လို့လည်း သိရ ပါတယ်။ ပြီးတော့- ရွေးကောက်ပွဲမှာ ကျောင်းဆရာ၊ ကျောင်းဆရာမတွေကို တာဝန်ပေးထား ကြောင်းလည်း သိရပါတယ်၊ မဲရုံကို ရောက်ရှိလာတဲ့ မဲပေးမယ့်လူငယ်တွေကို ဖိအားပေးပြောဆိုဖို့ အတွက် ခုလို ဆရာ ဆ ရာမတွေကို တာဝန်ပေးခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါတွေဟာ မဲပေးသူ ပြည်သူတွေအတွက် ကောင်းတဲ့လက္ခစာတွေလားဆိုတာ တွေးတောစရာတွေပါပဲ။ စာပေ အသိုင်းဝိုင်းကတော့ “ဘယ်မဲထည့်မလဲလို့ ပြည်သူတွေမေးတာခံရတယ် သူတို့ဟာ မဲဘယ်လိုထည့်ရမယ်ဆိုတာ ခုထိ မသိသေးသလို ပြည်သူကိုယ်စားပြုပါတီတွေကလည်း မဲဘယ်လို ထည့်ရမယ်ဆိုတာ ပြည်သူတွေကိုပြောမပြတာ အံ့သြစရာပါ၊ မဲထည့်တယ်ဆိုတာက စည်း စနစ် ကျဖို့အရေးကြီးတယ်၊ ဘယ်လို အခြေအနေအထားမှာ ပယ်မဲဖြစ်သွားတတ်တယ်ဆိုတာကို လည်း သိထားဖို့လိုအပ်ပါတယ်၊ အဆိုးဆုံးကတော့ ဘယ်သူ့ကို မဲထည့်ရမည်ဆိုတာ ခုထိမသိသေး ကြဘူးလို့ ပြောနေကြတာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ ဘယ်သူ့ကိုမှရွေးမထားရင် ဘယ်သူ့ကိုမှ မထည့်ဖို့ပြောလိုက်တယ်၊ ပြီးတော့ လက်ရှိအခြေအနေမှာနေထိုင်ရတာ ကျေနပ်မှုရှိသလား လွတ်လပ်မှုကို ရဖို့ဘယ်လိုဆုံဖြတ်ရမည်ဆိုတာ အရင်ဆုံးစဉ်းစားဖို့လိုကြောင်း၊ ယူနီဖောင်းဝတ်တွေ ရဲ့ မောက်မာမှု နှင့် နိုင်ထက်စီးနင်း ပြုမှုအပေါ် အကောင်းဆုံးတွန်းလှန်လွတ်မြောက်ဖို့ လိုအပ်တယ်”် လို့တော့ ပြောလိုက်မိပါတယ်။ အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေး ကောက်ပွဲတစ်ခုဖြစ်မလာနိုင်သလို ပြည်သူတွေအနေနဲ့လည်း ကြံ့ဖွံ့ပါတီကို မဲမပေးဖို့ အရေးကြီးတဲ့ အချိန်ပါပဲ၊ မဲမပေးမနေရဆိုတဲ့စနစ်နဲ့ ၀န်ထမ်းတွေကို ဖိအားပေးခိုင်းစေခဲ့ရင်တောင် မဲပြားမှာ အမှားခြစ်ထားခဲ့မယ်ဆိုရင် အဲဒီမဲပြားဟာ ပယ်မဲဖြစ်သွားပါလိမ့်မယ်ဆိုတာ ပြောချင်ပါတယ်၊ ဒါကြောင့်ကြံ့ဖွံ့ပါတီကိုပေးတဲ့ မဲပြားမှာ(x)အမှားခြစ်ထားနိုင်ကြမယ်ဆိုရင် ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့အချိန် ကြာလိမ့်မယ်လို့မထင်မိပါကြောင်းနဲ့ တရား မျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ဖို့ကို ၀ိုင်းဝန်းကြိုးပန်းကြပါစို့လို့ တိုက်တွန်းရင်းနဲ့ အဆုံးသတ်လိုက် ပါရစေ…။ (လင်းလင်း)

No comments:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More